12min Notes Myanmar
Our mission is to distill complex ideas and make them accessible and useful for Myanmar people
လေ့လာစရာတွေ များလွန်းလို့ ဘယ်ကစရမှန်း မသိဖြစ်နေပြီလား?
အလုပ်တစ်ဖက်နဲ့ စာအုပ်တွေ ထိုင်ဖတ်ဖို့ အချိန်မရတာ၊ ဘယ်သင်တန်းက ကိုယ့်အတွက် အကျိုးရှိမလဲဆိုတာ ဝေခွဲမရဖြစ်နေတာတွေက သင့်ရဲ့တိုးတက်မှုနဲ့ ဝင်ငွေကို နှောင့်နှေးစေပါတယ်။
ဒါကြောင့် 12min Notes Myanmar (Est. 2019) က နိုင်ငံတကာက အကောင်းတကာ့ အကောင်းဆုံး Knowledge တွေကိုပဲ ရွေးချယ်ပြီး အဆင်သင့် ရယူအသုံးချနိုင်အောင် အဆီအနှစ်ထုတ် ဖန်တီးပေးထားပါတယ်။
အချိန်တိုအတွင်း ထိရောက်တဲ့လေ့လာမှုနဲ့ သင့်ရဲ့ Skills တွေကို အခုပဲ Upgrade လုပ်လိုက်ပါ။
Explore Courses Start LearningPOPULAR PACKAGES
_____________
TOP FREE PACKAGES
_____________
12min Notes ရဲ့ Premium Digital Products (PDP) တွေကို ဘယ်လိုဖန်တီးထားလဲ?
အပေါ်ယံလေးဖတ်ပြီး ဘာသာပြန်ထားတာမျိုး လုံးဝ (လုံးဝ) မဟုတ်ဘူးနော်!
ကျွန်တော်တို့ 12min Notes မှာ PDP တစ်ခု ထုတ်ဖို့ဆိုရင် Editorial Team ကနေ ကမ္ဘာ့အကောင်းဆုံး စာအုပ်တွေ၊ သုတေသနတွေနဲ့ သင်ခန်းစာတွေကို အသေးစိတ် မွှေနှောက်လေ့လာရပါတယ်။
လေ့လာသူတွေ အချိန်အနည်းဆုံးနဲ့ အထိရောက်ဆုံး ရလဒ်ရအောင် အဆင့် (၆) ဆင့်နဲ့ စနစ်တကျ အဆီအနှစ်ထုတ် ဖန်တီးပေးထားတာပါ။
အရေးအကြီးဆုံးအဆင့်ပါ။
ကျွန်တော်တို့က စာအုပ်တစ်အုပ်၊ သင်တန်းတစ်ခုတည်းကိုပဲ အားမကိုးပါဘူး။ စာအုပ်တစ်အုပ်တည်းဖတ်ရင် အဲ့ဒီစာရေးဆရာရဲ့ အာဘော်တစ်ခုတည်းမှာပဲ ပိတ်မိနေတတ်လို့ပါ။
ဒါကြောင့် Topic တစ်ခုအတွက် Best-Seller စာအုပ်ပေါင်း အနည်းဆုံး ၅ အုပ်ကနေ ၁၀၀ ကျော်အထိကိုမှ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ ထောက်ခံထားတဲ့ "ထိပ်တန်း" အရင်းအမြစ်တွေကိုပဲ ရွေးချယ်ပါတယ်။ ဒါမှ သင်က ရှုထောင့်ပေါင်းစုံကနေ ဆက်စပ်တွေးခေါ်နိုင်မှာပါ။
ဒါကြောင့် 12min Notes Myanmar ဟာ မြန်မာနိုင်ငံက တစ်ခြားသော သင်တန်းတွေနဲ့မတူဘဲ လေ့လာသူတွေ လိုချင်တဲ့ရလဒ်ကောင်းတွေကို ထိထိမိမိရအောင် ကူညီပေးနိုင်ခြင်းဖြစ်ပါတယ်။ (ဒါကြောင့်လည်း Customer ပေါင်း 20,000 ကျော်၊ 5-Star Review ပေါင်းထောင်ချီ ရရှိတာပါ။)
အရင်းအမြစ်တွေ ရပြီဆိုရင်တော့ ကျွန်တော်တို့အဖွဲ့က စာအုပ်တင်မကဘဲ Articles, Videos, Masterclasses, TED Talks နဲ့ Podcasts တွေအထိပါ ပိုက်စိပ်တိုက် Research လုပ်ပါတယ်။
အဲ့ဒီထဲကမှ လေ့လာမယ့်သူတွေအတွက် တကယ်အသုံးဝင်မယ့် Key Insights တွေကိုပဲ သီးသန့် စစ်ထုတ်လိုက်ပါတယ်။
လေ့လာထားတာတွေကို မှတ်စုသက်သက် ထုတ်တာမဟုတ်ဘဲ Mind Maps တွေနဲ့ အိုင်ဒီယာတွေကို အချိတ်အဆက်မိအောင် အရင်ပုံဖော်ပါတယ်။
ဒါမှသာ ခေါင်းထဲမှာ ရှုပ်ထွေးမနေဘဲ သင်ခန်းစာတွေကို ပြန်ဖန်တီးတဲ့အခါ ပိုပြီး စနစ်ကျ၊ ထိမိသွားတာပါ။
နောက်ဆုံးမှာတော့ သင်ဘယ်လောက်အထိ နက်နက်နဲနဲ လေ့လာချင်လဲဆိုတာပေါ်မူတည်ပြီး...
အချိန်တိုတိုနဲ့ ထိထိမိမိအတွက် Actionable Notes & Super Guides
လက်တွေ့ အသုံးချဖို့အတွက် Concise Courses & Advanced Programs ဆိုပြီး စနစ်တကျ ပုံစံဖော်ပြီး တင်ဆက်ပေးလိုက်ပါပြီ။









