12min Notes Myanmar

Courage to be Disliked - Fumitake Koga and Ichiro Kishimi

img

Courage to be Disliked - Fumitake Koga and Ichiro Kishimi

လူတွေက ကိုယ့်ကို မကြိုက်ဘူးလို့ ခံစားရဖူးလား။❓

ပတ်ဝန်းကျင်မှာ ကိုယ်တစ်ယောက်တည်းပဲ မှားယွင်းနေတယ်လို့ တွေးပြီး စိတ်ပင်ပန်းဖူးလား။❓


📖အဲဒီလိုမျိုး ခံစားဖူးရင်တော့ အခုပြောပြမယ့်စာအုပ်က ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်နေပါပြီ။ စာအုပ်နာမည်လေးကတော့ ဂျပန်လူမျိုး စာရေးဆရာတွေဖြစ်တဲ့ Chiro Kishimi နဲ့ Fumitake Koga တို့ တွဲဖက်ရေးသားထားတဲ့ 'The Courage to be Disliked'  ပဲဖြစ်ပါတယ်။


📖ဒီစာအုပ်လေးကိုတော့ 2013 December မှာ စတင်ထုတ်‌ဝေခဲ့တာ ဖြစ်ပြီး ယနေ့ထက်တိုင် လူကြိုက်များနေဆဲ စာအုပ်တစ်အုပ်အဖြစ်ရှိနေတုန်းပါပဲ။


📖ဒီစာအုပ်ထဲမှာတော့ ဒဿနပညာရှင် အဘိုးကြီးတစ်ယောက်နဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဆွေးနွေးခန်းတွေကို အဓိကထား ရေးသားထားပါတယ်။ 

စာအုပ်ထဲမှာ နာမည်ကျော် စိတ်ပညာရှင်ကြီးတွေဖြစ်တဲ့ ဆစ်ဂ်မန်ဖရိုဒ်၊ ကားလ်ယွန်းဂ်တို့အပြင် တတိယမြောက်နာမည်ကျော်စိတ်ပညာရှင် အဲလ်ဖရက်အက်ဒလာရဲ့ အတွေးအမြင်အဆီအနှစ်တွေကို သေချာထုတ်ယူရေးသားထားပါတယ်။


📖ဒီစာအုပ်ကိုတော့ လူမှုဆက်ဆံ‌ရေးတွေမှာ ရုန်းကန်နေရပြီး ခက်ခဲပင်ပန်း အဆင်မပြေဖြစ်နေတဲ့လူတွေ အဓိကဖတ်သင့်ပါတယ်။


✨ဒီနေ့မှာတော့ စာအုပ်ထဲက ပေးထားတဲ့ ကျနော်တို့ရဲ့ စိတ်အတွက် ပြင်ဆင်သင့်တဲ့ အချက်အနည်းငယ်ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။


▂▂▂▂▂▂▂▂▂▂▂▂▂▂


📌၁။ ဘဝမှာ ဖြေရှင်းလို့မရတဲ့ ပြဿနာရယ်လို့ မရှိပါဘူး။


ဘဝကြီးက တကယ်တော့ ရိုးရှင်းပါတယ်။ လူတွေရဲ့ အတွေးအမြင်တွေ အစွဲအလမ်းတွေကြောင့်သာ ရှုပ်ထွေးနေရတာပါ။ ဒဏ်ရာဒဏ်ချက်တွေ ပြဿနာတွေကြားက ရုန်းထွက်ပြီး ကိုယ့်ပျော်ရွှင်မှုကို ရှာဖို့က အဓိကအချက်ပါပဲ။ ပြဿနာတွေ၊ လူတွေရဲ့ ထိုးနှက်အပြစ်တင် ဝေဖန်ချက်တွေမှာ ပင်ပန်းဝမ်းနည်းနေမယ့်အစား ကိုယ့်ကိုကိုယ် ချီးကျူးရင်း လဲကျနေရာကနေ ပြန်ထလိုက်ပါ။


▂▂▂▂▂▂▂▂▂▂▂▂▂▂


📌၂။ လူတွေရဲ့ အသိအမှတ်ပြုမှု ခံလိုခြင်းကို စွန့်လွှတ်ပါ။


ဒီအချက်ကတော့ ဒီစာအုပ်ရဲ့ အဓိကအကြောင်းအရာပါပဲ။ ကျနော်တို့တွေဟာ ပတ်ဝန်းကျင်ရဲ့ ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်း စတဲ့ စကားလုံးတွေကြားမှာ ပိတ်မိနေတတ်ပါတယ်။ ကျနော်တို့ဟာ တခြားသူတွေရဲ့ စံနှုန်းအတိုင်း လိုက်နေထိုင်မယ်ဆိုရင် ကိုယ်ပိုင်မျှော်လင့်ချက်မဲ့သွားပါလိမ့်မယ်။ ကျနော်တို့ လုပ်နေသမျှ အလုပ်အားလုံးဟာ ကျနော်တို့ ကိုယ်တိုင်ပျော်ရွှင်ဖို့၊ စိတ်ကျေနပ်ဖို့ပဲ ဖြစ်သင့်ပါတယ်။


▂▂▂▂▂▂▂▂▂▂▂▂▂▂


📌၃။ ဘဝဆိုတာ ယှဥ်ပြိုင်ဖို့ သီးသန့်ပဲမဟုတ်ပါဘူး။


လူတိုင်းထက်သာချင်တယ်ဆိုတဲ့ စိတ်ဟာ ကောင်းတဲ့ခံယူချက်တစ်ခု မဟုတ်ပါဘူး။ အဲဒီစိတ်ကြောင့်ပဲ ကျနော်တို့ရဲ့ နေ့စဥ်ဘဝက ခက်ခဲနေရခြင်းဖြစ်ပါတယ်။


လူအချင်းအချင်းဆက်ဆံ‌ရေးကို ပြိုင်ဆိုင်မှု တစ်ခုလို သဘောထားနေရင် ကျနော်တို့ရဲ့ ပန်းတိုင်က ပိုပိုပြီး ဝေးကွာလာပါလိမ့်မယ်။ အခြားသူတွေရဲ့ ပျော်ရွှင်မှုကို ကိုယ့်ရဲ့ကျရှုံးမှု အဖြစ်သတ်မှတ်တာဟာ မှားယွင်းတဲ့ အယူအဆတစ်ခုပါ။ လူတိုင်းကို ကိုယ်နဲ့အတူ ခရီးသွားနေတဲ့ ရဲဘော်ရဲဘက်တွေအဖြစ် သတ်မှတ်ရင် ကမ္ဘာကြီးပေါ် မှာထားတဲ့ အမြင်တွေပါ ပြောင်းလဲသွားပါလိမ့်မယ်။


▂▂▂▂▂▂▂▂▂▂▂▂▂▂


ဒီနေ့ပြောပြသွားတဲ့ အကြောင်းအရာတွေကတော့ 'The Courage To Be Disliked' စာအုပ်ထဲက မှတ်သားအသုံးပြုသင်တဲ့ အချက်ကလေးတွေ ဖြစ်ပါတယ်။


ကျနော်တို့ရဲ့ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေ အကုန်လုံးက ကျွန်တော်တို့အပေါ်ပဲ မူတည်နေပြီး ကျနော်တို့ကိုယ်တိုင် တည်ဆောက်ရယူရမှာပဲဖြစ်ပါတယ်။ အခြားလူတွေရဲ့ အကောင်းမြင်မှုကို မရတိုင်း ကျနော်တို့ဟာဆိုးဝါးနေကြတာ မဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် အခြားလူတွေမကြိုက်တာခံရဖို့ မကြောက်ပါနဲ့။


ဒီအ‌ကြောင်းအရာလေးတွေက အကူအညီစေမယ်လို့ မျှော်လင့်ပါတယ်။  စိတ်ကို ပြောင်းလဲအောင် ကြိုးစားကြည့်ဖို့လည်း အကြံပြုချင်ပါတယ်။ ✍️


စာဖတ်သူရော အခုပြောပြခဲ့တဲ့ အတွေးအခေါ်တွေထဲက ဘယ်အချက်ကို အကြိုက်ဆုံးလဲ ပြောပြပေးခဲ့ပါဦး။


12min Notes Myanmar မှာတင်တဲ့ အကြောင်းအရာလေးတွေကို သဘောကျတယ်ဆိုရင် လွတ်လပ်စွာ Share လုပ်နိုင်ပါသည်။ ❌Credit ပေး၍ ကူးယူခြင်းကို ခွင့်မပြုပါ။❌


#12minNotesMyanmar #Books #Bookreviews


Disclaimer: 12min Notes Myanmar share reviews and recommendations of international best-selling books for Burmese people for educational purpose only. We do not own the trademarks or copyrights of the books or the authors mentioned on our page. All rights belong to the rightful owners. No copyright or intellectual property infringement is intended.

Author : 12min Notes Myanmar